Logo
Saturday, April 11, 2026
Back to Home
Local News

ဇေကမ္ဘာစက်မှုဇုန် (၁၀) လမ်းတွင် Level 2 အဆင့်ဖြင့်မီးလောင်လျက်ရှိ

By AdminMarch 14, 2026
ဇေကမ္ဘာစက်မှုဇုန် (၁၀) လမ်းတွင် Level 2 အဆင့်ဖြင့်မီးလောင်လျက်ရှိ

၂၀၂၆ ခုနှစ် မတ်လ ၁၄ ရက်နေ့ ည ၂၀ နာရီ ၁၈ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဇေကမ္ဘာစက်မှုဇုန် (၁၀) လမ်းတွင် Level 2 အဆင့်ဖြင့် မီးလောင်မှုတစ်ခု ဖြစ်ပွား‌ေနကြောင်း သိရပါတယ်။

မီးလောင်မှုမှာ စက်မှုဇုန်အတွင်းရှိ အချိုရည်များထားရှိသိုလှောင်ထားသည့် အဆောက်အဦးတစ်ခုအတွင်းမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောကြားထားပါတယ်။

၎င်း၏ ပြောကြားချက်အရ မီးလောင်မှုမှာ **မီးလောင်အားပြင်းထန်နေပြီး မီးခိုးများ အထူအထပ် ထွက်ပေါ်လာခဲ့ကြောင်းသိရှိရပါတယ်။

652277094_1319419533548525_4066785580248830460_n

မီးလောင်မှုဖြစ်ပွားရာနေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ လူမှုကူညီရေးအသင်းများမှလည်း မီးသတ်ယာဉ်များ ရောက်ရှိလာကာ **Level 2 အဆင့်ဖြင့် မီးငြိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။

မီးလောင်မှုနှင့်ပတ်သက်၍ မီးလောင်ရခြင်း၏ အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက် စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်းသိရှိရပါတယ်။

Source - MFSD