ထိုင်းတွင် မြန်မာကားများအား ဆီကန့်သတ်ရောင်းချ

ထိုင်းနိုင်ငံ Tak Province နယ်စပ်ခရိုင်များရှိ ဆီဆိုင်အချို့သည် ဆီရောင်းချမှုကို ကန့်သတ်စတင်ခဲ့ပြီး မြန်မာနံပါတ်ပြားယာဉ်များကို ဆီမဖြည့်ပေးတော့ကြောင်း ကြေညာခဲ့ပါတယ်။ ထိုင်းနံပါတ်ပြားယာဉ်များကိုလည်း တစ်စီးလျှင် ဘတ် ၁,၀၀၀ ထက် မကျော်ပဲသာ ဝယ်ယူနိုင်ရန် သတ်မှတ်ထားပါတယ်။ တချို့ ဆီဆိုင်များတွင် ထိုင်းဘာသာနှင့် မြန်မာဘာသာဖြင့် “မြန်မာနံပါတ်ပြားကားများကို ဆီမဖြည့်ပေးပါ” ဟု ဆိုင်းဘုတ်များ တပ်ထားကြပါတယ်။
ဆိုင်ဝန်ထမ်းများကလည်း မြန်မာမှလာသောယာဉ်များနှင့် ထိုင်းယာဉ်မောင်းများကို ဆီဝယ်ယူမှုကန့်သတ်ချက်အသစ်များ အကြောင်းကို အသိပေးနေကြပါတယ်။
Mae Sot မှ သတင်းထောက်များ၏ ပြောကြားချက်အရ၊ အရှေ့အလယ်ပိုင်းဒေသတွင် မငြိမ်မသက်မှုများ ဖြစ်ပေါ်လာပြီး စွမ်းအင်ထောက်ပံ့မှုအပေါ် စိုးရိမ်မှုများ မြင့်တက်လာသည့်နောက်၊ မြဝတီဘက် မှ ယာဉ်များသည် ဆီဖြည့်ရန် Mae Sot ရှိ ဆီဆိုင်များသို့ အများအပြား လာရောက်တန်းစီနေကြသဖြင့် ယခုကဲ့သို့ ကန့်သတ်ချက်များ ချမှတ်လာခြင်း ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
