Local News
နမ္မတီးတွင် ထူးခြားသောမိုးသီးများကြွေကျ၊ နေအိမ်ခေါင်မိုးအချို့ပျက်စီး
By Admin•March 15, 2026

ကချင်ပြည်နယ်၊ နမ္မတီးမြို့ တွင် ယမန်နေ့ မတ်လ ၁၄ ရက် ည ၇ နာရီခန့်က မိုးရွာသွန်းစဉ် မိုးသီးများ ကြွေကျခဲ့ပြီး နေအိမ်အချို့ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရပါတယ်။
အဆိုပါအချိန်တွင် လေပြင်းတိုက်ခတ်မှုနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းလာပြီး မိုးသီးများလည်း အချိန်တိုအတွင်း အများအပြား ကြွေကျခဲ့ကြောင်း သိရသည်။
မိုးသီးများသည် အလုံးအရွယ်အစား ကြီးမားစွာ ကြွေကျခဲ့သဖြင့် လမ်းများနှင့် နေအိမ်ဝန်းများအတွင်း ပြန့်နှံ့ကျရောက်ခဲ့ပြီး အချို့နေအိမ်များ၏ ခေါင်မိုးများတွင် ပေါက်ပြဲပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံအချို့၏ အင်တာနက်စာမျက်နှာပေါ်များမှာ ဝေမျှခဲ့ကြပါတယ်။

မိုးသီးကြွေမှုက နွေရာသီအကူးကာလတွင် မိုးတိမ်ထူထပ်လာပြီး လေထုအပူချိန်ကွာခြားမှုကြောင့် ဖြစ်ပွားနိုင်သည့် သဘာဝရာသီဥတုဖြစ်စဉ်တစ်ရပ်ဖြစ်ပါတယ်။
ဓာတ်ပုံ - အင်တာနက်
