Logo
Saturday, April 11, 2026
Back to Home
Local News

ဘေးတွဲဆိုင်ကယ်ဖြင့် ဖုန်းအားလုယူထွက်ပြေးသူ ဓာတ်တိုင်နှင့်တိုက်မိကာ ‌ေသဆုံး

By AdminMarch 23, 2026
ဘေးတွဲဆိုင်ကယ်ဖြင့် ဖုန်းအားလုယူထွက်ပြေးသူ ဓာတ်တိုင်နှင့်တိုက်မိကာ ‌ေသဆုံး

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အမှတ် (၁) ရပ်ကွက်အတွင်း မတ်လ ၂၂ ရက်နေ့က လုယက်မှုတစ်ခုနှင့် ဆက်စပ်သည့် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သည်။

သတင်းများအရ အမျိုးသားတစ်ဦးသည် ဘေးတွဲဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းများကို လုယူပြီး အရှိန်မြင့်စွာ မောင်းနှင်ထွက်ပြေးရာမှ လမ်းခုလတ်တွင် အခြားဘေးတွဲဆိုင်ကယ်တစ်စီးနှင့် တိုက်မိခဲ့သည်။ ထို့နောက် ထပ်မံ၍ လမ်းဘေးရှိ လျှပ်စစ်ဓာတ်တိုင်ကို ဝင်တိုက်ခဲ့ကြောင်း သိရခဲ့ပါတယ်။

အဆိုပါ မတော်တဆမှုကြောင့် လုယက်သူမှာ ဦးခေါင်းဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး အခင်းဖြစ်နေရာ၌ပင် သေဆုံးခဲ့ပါတယ်။ ထိုသူနှင့် တိုက်မိခဲ့သော ဘေးတွဲဆိုင်ကယ် မောင်းနှင်သူမှာလည်း ညာဘက်ခြေသလုံးတွင် အရိုးကျိုးဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်ဟု သိရပါတယ်။

အခင်းဖြစ်ပြီးနောက် သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်းမှ သေဆုံးသူနှင့် ဒဏ်ရာရရှိသူတို့ကို လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရှိရပါတယ်။

#လုယက် #သတင်း #သုတမြေ