Logo
Saturday, April 11, 2026
Back to Home
International News

မူးယစ်ဆေးစွဲလူနာများပြန်လည်ထူထောင်ရေးစင်တာအား လေကြောင်းတိုက်ခိုက်မှု လူပေါင်း 400 ကျော်သေဆုံး

By AdminMarch 19, 2026
မူးယစ်ဆေးစွဲလူနာများပြန်လည်ထူထောင်ရေးစင်တာအား လေကြောင်းတိုက်ခိုက်မှု လူပေါင်း 400 ကျော်သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ်မြို့ရှိ မူးယစ်ဆေးစွဲလူနာ ပြန်လည်ထူထောင်ရေးစင်တာတစ်ခုကို ပါကစ္စတန် လေတပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ လူပေါင်း ၄၀၀ ကျော် သေဆုံးခဲ့ကြောင်း တာလီဘန် အုပ်ချုပ်ရေးအဖွဲ့က အင်္ဂါနေ့တွင် ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ယင်းဖြစ်ရပ်သည် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှ စတင်ခဲ့သော နှစ်နိုင်ငံအကြား တိုက်ခိုက်မှုများအတွင်း အများဆုံး သေဆုံးမှုရှိသည့် အဖြစ်အပျက်တစ်ခုဖြစ်လာခဲ့ပါတယ်။

652409092_1322387996585012_6954218038725353289_n

သို့သော် ပါကစ္စတန်ဘက်က အဆိုပါ စွပ်စွဲချက်များကို မမှန်ကန်ကြောင်း ငြင်းဆိုခဲ့ပြီး ၎င်းတို့အနေဖြင့် တနင်္လာနေ့ညတွင် စစ်ရေးအခြေစိုက်နေရာများနှင့် အကြမ်းဖက်မှုကို ထောက်ပံ့နေသော အခြေခံအဆောက်အအုံများကိုသာ တိကျစွာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ််။

653714476_1322388083251670_1066608682297572278_n

ယင်းလေကြောင်းတိုက်ခိုက်မှုသည် တရုတ်နိုင်ငံက နှစ်နိုင်ငံအကြား တင်းမာမှုများ လျော့နည်းစေရန် ကြားဝင်ညှိနှိုင်းရေး ဆက်လက်လုပ်ဆောင်ရန် အသင့်ရှိကြောင်း ပြောကြားပြီး နှစ်ဖက်စလုံးကို ဆွေးနွေးညှိနှိုင်းရေးသို့ ပြန်လည်ဝင်ရောက်ရန် တိုက်တွန်းခဲ့ပြီးနောက် မကြာခင်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ််ပါတယ်။ ယခင်ကလည်း ကာတာ၊ တူရကီနှင့် ဆော်ဒီအာရေးဘီးယားတို့၏ ကြားဝင်ညှိနှိုင်းရေး ကြိုးပမ်းမှုများ မအောင်မြင်ခဲ့ကြပါ။

တာလီဘန်၏ နိုင်ငံခြားရေးဝန်ကြီး အာမီရ် ခန်း မူတက်ကီက အာဖဂန်နစ္စတန်အနေဖြင့် သံတမန်ရေးရာ ဖြေရှင်းချက်များအပေါ် ပါကစ္စတန်၏ ရည်ရွယ်ချက်များအပေါ် ယုံကြည်မှု လျော့နည်းသွားပြီဟု ၎င်း၏ရုံးမှ ထုတ်ပြန်ချက်အရ ပြောကြားခဲ့ပါတယ်။