Logo
Saturday, April 11, 2026
Back to Home
Breaking News

မောင်မောင်လွင် ၆ လပွဲပယ်နှင့် ဒဏ်ငွေ သိန်း ၃၀ ချမှတ်ခံရ

By AdminMarch 13, 2026
မောင်မောင်လွင် ၆ လပွဲပယ်နှင့် ဒဏ်ငွေ သိန်း ၃၀ ချမှတ်ခံရ

၂၀၂၆ ခုနှစ် မတ်လ ၁၀ ရက်နေ့က သန်လျင်အားကစားကွင်းတွင် ကျင်းပခဲ့သည့် ဘောလုံးပွဲတစ်ပွဲအတွင်း ဖြစ်ပွားခဲ့သော ဖြစ်ရပ်နှင့်ပတ်သက်၍ မြန်မာ့လက်ရွေးစင်အသင်း ကပ္ပတိန် မောင်မောင်လွင်ကို ၆ လပွဲပယ်ခြင်းနှင့် ဒဏ်ငွေ ကျပ်သိန်း ၃၀ ချမှတ်လိုက်ကြောင်း သိရှိရပါတယ်။

သတင်းများအရ ပွဲပြီးနောက် ပရိသတ်တစ်ဦးနှင့် အငြင်းပွားမှု ဖြစ်ပွားခဲ့ကြောင်းနှင့် အဆိုပါ ဖြစ်ရပ်အား အားကစားစည်းကမ်းနှင့် မညီညွတ်သည့် အပြုအမူအဖြစ် သတ်မှတ်ကာ သက်ဆိုင်ရာ အားကစားတာဝန်ရှိသူများက စစ်ဆေးပြီးနောက် အရေးယူမှု ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်းဆိုပါတယ်။

အဆိုပါပြစ်ဒဏ်အရ မောင်မောင်လွင်သည် ၆ လတာ ကာလအတွင်း တရားဝင် ပြိုင်ပွဲများတွင် ပါဝင်ကစားခွင့် ရပ်ဆိုင်းခံရမည်ဖြစ်ပြီး ဒဏ်ငွေ ကျပ်သိန်း ၃၀ ကိုလည်း ပေးဆောင်ရမှာဖြစ်ပါတယ်။

မောင်မောင်လွင်သည် လက်ရှိတွင် ထိုင်းနိုင်ငံရှိ Lamphun Warriors အသင်းတွင် ကစားနေပြီး မြန်မာ့လက်ရွေးစင်အသင်း၏ အဓိက ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။