Logo
Saturday, April 11, 2026
Back to Home
International News

သမီးဖြစ်သူနှင့် ဒုံးကျည်ပစ်စမ်းသပ်လေ့ကျင့်မှုကို လေ့လာကြည့်ရှုခဲ့တဲ့ ကင်မ်ဂျုံအွန်

By AdminMarch 17, 2026
သမီးဖြစ်သူနှင့် ဒုံးကျည်ပစ်စမ်းသပ်လေ့ကျင့်မှုကို လေ့လာကြည့်ရှုခဲ့တဲ့ ကင်မ်ဂျုံအွန်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် သည် သူ၏ အသက်မပြည့်သေးသည့် သမီးနှင့်အတူ ဒုံးကျည်ပစ်ခတ် စမ်းသပ်လေ့ကျင့်မှုကို စနေနေ့တွင် ကြည့်ရှုခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနက တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့ပါတယ်။

စမ်းသပ်မှုမှာ အရှေ့ဘက်ကမ်းရိုးတန်းတွင် ၆၀၀ မီလီမီတာ အလွန်တိကျသော multiple rocket launcher စနစ် ၁၂ စင်း အသုံးပြုပြီး တိုက်ခိုက်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု Korean Central News Agency (KCNA) က ဖော်ပြထားပါတယ်။

တောင်ကိုရီးယားဘက်မှပြောကြားချက်အရအရ မြောက်ကိုရီးယားသည် မြို့တော်ဒေသမှ အရှေ့ဘက်ပင်လယ်သို့ ballistic missile ၁၀ လုံးခန့် ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။

တောင်ကိုရီးယားနိုင်ငံ၏ အမျိုးသားလုံခြုံရေးကောင်စီက ယင်းပစ်ခတ်မှုများကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ချိုးဖောက်သည့် အပြုအမူဖြစ်ကြောင်းဆိုပါတယ်။

ယင်းစမ်းသပ်မှုသည် အမေရိကန်နှင့် တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေခြင်းကို မြောက်ကိုရီးယားက တိုက်ခိုက်ရေးပြင်ဆင်မှုဟု မြင်မြင့်နေသည့်အတွက် တုံ့ပြန်မှုတစ်ရပ်ဖြစ်နိုင်ကြောင်း ခန့်မှန်းထားကြပါတယ်။