Logo
Saturday, April 11, 2026
Back to Home
Local News

အမြန်လမ်းပေါ် ဆိုင်ကယ်ဖြတ်ကူးရာမှ ဘုရားဖူးမှန်လုံကားနှင့်တိုက်၊ အမျိုးသား ၃ ဦး သေဆုံး

By AdminMarch 9, 2026
အမြန်လမ်းပေါ် ဆိုင်ကယ်ဖြတ်ကူးရာမှ ဘုရားဖူးမှန်လုံကားနှင့်တိုက်၊ အမျိုးသား ၃ ဦး သေဆုံး

ရန်ကုန်–မန္တလေး အမြန်လမ်းမကြီးတွင် မတ်လ ၅ ရက် ညနေပိုင်းက မော်တော်ဆိုင်ကယ်တစ်စီးနှင့် ဘုရားဖူးမှန်လုံ ခရီးသည်တင်ယာဉ်တစ်စီး တိုက်မိမှု ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်စီးနင်းလာသူ အမျိုးသား ၃ ဦး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရှိရပါတယ်။

သတင်းအရ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် Higer အမျိုးအစား မှန်လုံ ခရီးသည်တင်ယာဉ်သည် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၇၅ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံကြား အရောက်တွင် မော်တော်ဆိုင်ကယ်တစ်စီးနှင့် တိုက်မိခဲ့တာပါ။

ဖြစ်စဉ်မှာ ဆိုင်ကယ်သည် လမ်း၏ အနောက်ဘက်မှ အရှေ့ဘက်သို့ ရုတ်တရက် ဖြတ်ကူးလာချိန် မှန်လုံခရီးသည်တင်ယာဉ်နှင့် တိုက်မိခဲ့ခြင်းဖြစ်ပြီး ထိုတိုက်မှုကြောင့် ဆိုင်ကယ်ပေါ် စီးနင်းလာသူ အမျိုးသား ၃ ဦးလုံး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

တိုက်မှုဖြစ်စဉ်ကြောင့် မှန်လုံယာဉ်၏ ခေါင်းပိုင်းမှန်များ ပျက်စီးခဲ့သော်လည်း ယာဉ်ပေါ် စီးနင်းလိုက်ပါလာသူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းလည်း ကယ်ဆယ်ရေးအဖွဲ့ဝင်များက ထုတ်ပြန်ထားပါတယ်။

အမြန်လမ်းမကြီးများ၏ စည်းကမ်းချက်များအရ မော်တော်ဆိုင်ကယ်၊ စက်ဘီး၊ ထော်လာဂျီနှင့် သုံးဘီးယာဉ်များကို အမြန်လမ်းပေါ် အသုံးပြုခွင့် မပြုထားကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက အသိပေးထားသည်။ ထိုကဲ့သို့ စည်းကမ်းမဲ့ ဝင်ရောက်မောင်းနှင်မှုများကြောင့် အမြန်လမ်းပေါ် ယာဉ်မတော်တဆမှုများ ဖြစ်ပွားခဲ့ရတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

648796663_1313750534115425_9023342472679583420_n