Logo
Saturday, April 11, 2026
Back to Home
International News

အီတလီတွင်လျှို့ဝှက်မြေအောက်ခန်းတစ်ခုမှ အန္တရာယ်ရှိမျိုးစိတ်များတွေ့ရှိ

By AdminMarch 29, 2026
အီတလီတွင်လျှို့ဝှက်မြေအောက်ခန်းတစ်ခုမှ အန္တရာယ်ရှိမျိုးစိတ်များတွေ့ရှိ

အီတလီ စစ်ဘက်ရေးရာ ရဲတပ်ဖွဲ့က မတ်လ ၂၆ ရက်နေ့တွင် အီတလီနိုင်ငံတောင်ပိုင်း ပူဂလီယာဒေသ ဆန်နီကန်ဒရိုဒီဘာရီမြို့မှ အဆောက်အအုံတစ်ခု၏ နံရံနောက်ကွယ်၌ လျှို့ဝှက်မြေအောက်ခန်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

656923647_1331806205643191_5315137880165401233_n

အဆိုပါမြေအောက်ခန်းအတွင်း အရှည် ၅ မီတာခန့်ရှိသော အနာကွန်ဒါမြွေကြီးများအပြင် စပါးအုံးမြွေများ၊ စပါးကြီးမြွေများနှင့် မိကျောင်းတစ်ကောင်ကိုလည်း တွေ့ရှိခဲ့ပါတယ်။ အဆိုပါ မိကျောင်းမှာ ခိုင်မာသော မေးရိုးနှင့် တိုက်ခိုက်နိုင်သည့် အပြုအမူရှိသော တောရိုင်းသတ္တဝါဖြစ်ပြီး လူနေထိုင်ရာပတ်ဝန်းကျင်တွင် ထားရှိမွေးမြူရန် မသင့်တော်ကြောင်း တာဝန်ရှိသူများက ထောက်ပြထားပါတယ်၊ ထို့ပြင် ဖမ်းဆီးရရှိသည့် တိရစ္ဆာန်များအတွင်း အစာကို ချုပ်ညှစ်ဖိသတ်နိုင်သည့် စပါးကြီးမြွေနှင့် စပါးအုံးမြွေမျိုးစိတ်များ၊ အနာကွန်ဒါမြွေအမျိုးအစားများစွာနှင့် ရေနေဖွတ်တစ်ကောင် ပါဝင်ကြောင်း သိရှိရပါတယ်။

တာဝန်ရှိသူများ၏ စစ်ဆေးချက်များအရ ယင်းတိရစ္ဆာန်များကို လိုအပ်သော ခွင့်ပြုချက်များ မရရှိဘဲ မွေးမြူထားခြင်းဖြစ်ပြီး အရွယ်အစားကြီးမားသည့် အန္တရာယ်ရှိသတ္တဝါများကို သန့်ရှင်းမှုနည်းပါးသော မသင့်တော်သည့် ပတ်ဝန်းကျင်တွင် ကျဉ်းမြောင်းစွာ ထားရှိထားကြောင်း တွေ့ရှိခဲ့ပါတယ်။ ထို့နောက် ဖမ်းဆီးရရှိသည့် တွားသွားသတ္တဝါအားလုံးကို အာဏာပိုင်များက သိမ်းဆည်းပြီး လက်ရှိတွင် စနစ်တကျ ပြုစုစောင့်ရှောက်နိုင်သော ခွင့်ပြုချက်ရ ဂေဟာများသို့ ပြောင်းရွှေ့ထားကြောင်း သိရှိရပါတယ်။