Logo
Tuesday, June 2, 2026
Back to Home
International News

ထရမ့်ဆံပင်ပုံစံနဲ့ တူသည့် ကျွဲဖြူ ဘင်္ဂလားဒေ့ရှ်တွင်နာမည်ကျော်

By AdminMay 24, 2026

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် Eid al-Adha ပွဲတော်အကြိုကာလအတွင်း ထူးခြားသော အယ်လ်ဘိုင်နိုကျွဲတစ်ကောင် လူမှုကွန်ရက်များပေါ်တွင် ရေပန်းစားလာပြီး လူအများစိတ်ဝင်စားမှုကို ရရှိနေကြောင်း သိရသည်။

ဒါကာမြို့အနီး Narayanganj ခရိုင်ရှိ မွေးမြူရေးခြံတစ်ခုတွင် မွေးမြူထားသည့် အလေးချိန် ၇၀၀ ကီလိုဂရမ်နီးပါးရှိ ကျွဲဖြူကြီးကို “Donald Trump” ဟု အမည်ပေးထားပြီး ၎င်း၏ နဖူးပေါ်သို့ လျောကျနေသည့် ရွှေရောင်ဆံပင်ပုံစံသည် အမေရိကန်သမ္မတ ‌Donald Trump ၏ ထင်ရှားသော ဆံပင်ပုံစံနှင့် ဆင်တူနေခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

ကျွဲပိုင်ရှင် Zia Uddin Mridha က “ကျွန်တော့်ညီက ဒီကျွဲရဲ့ ထူးခြားတဲ့ ဆံပင်ပုံစံကြောင့် Donald Trump လို့ နာမည်ပေးခဲ့တာပါ” ဟု AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

အသက် ၄ နှစ်အရွယ်ရှိ အဆိုပါ အယ်လ်ဘိုင်နိုကျွဲသည် လူမှုကွန်ရက်များတွင် ဗိုင်းရပ်စ်သဖွယ် ပျံ့နှံ့လာခဲ့ပြီး နေ့စဉ် လာရောက်ကြည့်ရှုသူများ၊ selfie နှင့် ဗီဒီယိုရိုက်ကူးသူများ မပြတ်လပ်ကြောင်း သိရသည်။ အချို့မှာ ဝေးလံသော ဒေသများမှပင် လာရောက်ကြည့်ရှုကြသည်ဟု ဆိုသည်။

“ဒီကျွဲက ရုပ်ရည်ထူးခြားပေမယ့် အလွန်အေးဆေးပါတယ်။ အယ်လ်ဘိုင်နိုမျိုးစိတ်ဖြစ်လို့ မစိတ်ဆိုးလွယ်ဘဲ ရန်မဖြစ်တတ်ပါဘူး” ဟု Mridha က ပြောသည်။

ထို့ပြင် အဆိုပါကျွဲအတွက် “အထူးဇိမ်ခံမှု” ဟု ဆိုနိုင်သည့် အရာမှာ တစ်နေ့လျှင် လေးကြိမ်ရေချိုးပေးရခြင်းသာဖြစ်ကြောင်းလည်း ၎င်းက ဟာသနှောကာ ပြောကြားခဲ့သည်။

#ထရမ့်ပ် #ဆယ်လီ #သတင်းထူး #သုတမြေ

See less

704147963_1378098441013967_6176460121534292611_n