Logo
Tuesday, June 2, 2026
Back to Home
Astrology

ဆရာကြီး ရွှေဘုန်းမိုလ်၏ တနင်္လာ သားသမီးများအတွက်တစ်ပာစာတ်စာ ဟေတမ်း

By AdminMay 24, 2026
ဆရာကြီး ရွှေဘုန်းမိုလ်၏  တနင်္လာ သားသမီးများအတွက်တစ်ပာစာတ်စာ ဟေတမ်း

ရက်စွဲ: ၂၀၂၆ ခုနှစ် မေလ (၂၄) ရက်မှ မေလ (၃၁) ရက်အထိ

ပညာရေး:
ပညာရေးနှင့်ဆိုင်သော အခွင့်အရေးအသစ်များ ရောက်လာတတ်သည်။ သင်ယူလေ့လာရာတွင် စိတ်ပျံ့လွင့်မှုရှိနိုင်သော်လည်း အာရုံစိုက်နိုင်ပါက ထူးချွန်မှုရရှိမည်။ စာမေးပွဲဖြေဆိုသူများ အောင်မြင်သတင်းကြားရတတ်သည်။

ကျန်းမာရေး:
အိပ်ရေးမဝခြင်းနှင့် ခေါင်းကိုက်ခြင်းများ ဖြစ်တတ်သည်။ အအေးမိခြင်း၊ လည်ချောင်းနာခြင်းတို့ကို သတိပြုပါ။ ရေများများသောက်သင့်သည်။

လူမှုရေး:
မျက်နှာပွင့်ကာ လူကြီးမင်းကို ယုံကြည်အားထားသူများ ပိုမိုလာမည်။ မိတ်ဆွေဟောင်းများနှင့် ပြန်လည်ဆုံတွေ့ရတတ်ပြီး လူမှုဆက်ဆံရေးကောင်းမွန်မည်။

စီးပွါးရေး:
ငွေဝင်ကိန်းရှိသော်လည်း မလိုအပ်သော အသုံးစရိတ်များလည်း တိုးလာနိုင်သည်။ အလုပ်အကိုင်နှင့် စီးပွားရေးပိုင်းတွင် နှောင့်နှေးနေသည့်ကိစ္စများ ပြန်လည်လှုပ်ရှားလာမည်။

အချစ်ရေး:
ချစ်သူရည်းစားများအနေဖြင့် နားလည်မှုတိုးပွားလာမည်။ တစ်ကိုယ်တည်းသမားများအတွက် ဗုဒ္ဓဟူးနေ့နံပါတ်သူတစ်ဦးနှင့် ရင်းနှီးခွင့်ရတတ်သည်။

ကံကောင်းအရောင်:
အညိုရောင် ၊ အစိမ်းနုရောင်

ကံကောင်းနံပါတ်:
၃ ၊ ၈

ယတြာ:
တနင်္လာနေ့ နံနက်ပိုင်းတွင် ဘုရားတွင် ရေသန့်တစ်ခွက်ကပ်လှူပြီး သက်ကြီးရွယ်အိုတစ်ဦးအား ဖိနပ်လှူဒါန်းပါ။