Logo
Tuesday, June 2, 2026
Back to Home
Astrology

ဆရာကြီး ရွှေဘုန်းမိုလ်၏ ဗုဒ္ဓဟူး သားသမီးများအတွက်တစ်ပတ်စာ ဟောစာတမ်း

By AdminMay 26, 2026
ဆရာကြီး ရွှေဘုန်းမိုလ်၏ ဗုဒ္ဓဟူး သားသမီးများအတွက်တစ်ပတ်စာ ဟောစာတမ်း

ရက်စွဲ: ၂၀၂၆ ခုနှစ် မေလ (၂၆) ရက်မှ မေလ (၃၁) ရက်အထိ

ဗုဒ္ဓဟူး သားသမီးများ

ပညာရေး:
ဉာဏ်ကောင်း၍ လေ့လာသင်ယူနိုင်စွမ်း မြင့်မားနေမည့်ကာလဖြစ်သည်။ အလုပ်နှင့်ပတ်သက်သော ပညာရပ်အသစ်များ သင်ယူရတတ်ပြီး မိမိ၏အရည်အချင်းကို လူကြီးများအသိအမှတ်ပြုလာမည်။

ကျန်းမာရေး:
သွေးတိုး၊ အာရုံကြောနှင့်ပတ်သက်သော ဝေဒနာရှိသူများ အစားအသောက်ဆင်ခြင်ပါ။ အိပ်ရေးပျက်ခြင်းကြောင့် ခေါင်းမူးခြင်းများ ဖြစ်တတ်သည်။

လူမှုရေး:
စကားအမှားကြောင့် စွပ်စွဲခံရတတ်သဖြင့် မဆိုင်သောကိစ္စများတွင် ဝင်မပါသင့်ပါ။ သို့သော် မိတ်ဆွေအသစ်များနှင့် တွေ့ဆုံရပြီး ကူညီပံ့ပိုးသူများ ရှိလာမည်။

စီးပွါးရေး:
လုပ်ငန်းတိုးချဲ့ရန် ကမ်းလှမ်းမှုများ ရောက်လာတတ်သည်။ ပူးပေါင်းလုပ်ကိုင်လိုသူများ ပေါ်လာမည်ဖြစ်သော်လည်း ယုံကြည်စိတ်ချရမှုကို သေချာစွာ စစ်ဆေးသင့်သည်။

အချစ်ရေး:
အချစ်ရေးတွင် အနှောင့်အယှက်နည်းပြီး နားလည်မှုတိုးလာမည်။ တစ်ကိုယ်တည်းသမားများအတွက် စိတ်ချမ်းသာစေမည့်သူနှင့် တွေ့ဆုံရတတ်သည်။

ကံကောင်းအရောင်:
အဖြူရောင် ၊ အစိမ်းရောင်

ကံကောင်းနံပါတ်:
၄ ၊ ၅

ယတြာ:
လမ်းဘေးကလေးငယ်တစ်ဦးအား အအေးတစ်ဘူးတိုက်ကျွေးပြီး ဗုဒ္ဓဟူးနေ့တွင် ပန်းအဖြူ (၄) ပွင့်ကပ်လှူပါ။