Logo
Tuesday, June 2, 2026
Back to Home
International News

လာအိုရဲတပ်ဖွဲ့က လိမ်လည်မှုသံသယရှိသူ ၄၉၄ ဦးကို တရုတ်နိုင်ငံသို့ လွှဲပြောင်း

By AdminMay 23, 2026
လာအိုရဲတပ်ဖွဲ့က လိမ်လည်မှုသံသယရှိသူ ၄၉၄ ဦးကို တရုတ်နိုင်ငံသို့ လွှဲပြောင်း

တရုတ်နဲ့ လာအို နှစ်နိုင်ငံကြား နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေးလိမ်လည်မှုတွေကို နှိမ်နင်းရာမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက်မြှင့်တင်နေတဲ့အတွက် လာအိုရဲတပ်ဖွဲ့ဟာ လိမ်လည်မှု သံသယရှိသူ ၄၉၄ ယောက်ကို မကြာသေးခင်က တရုတ်နိုင်ငံဆီ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ တရုတ်ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက မေ ၂၂ ရက်မှာ ပြောကြားခဲ့ပါတယ်။

အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံမှာ တယ်လီကွန်းလိမ်လည်မှုတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းနေတဲ့ အတွက် ဒီနှစ်အတွင်း လိမ်လည်သူတွေနဲ့ ငွေလိမ်ဂိုဏ်း စင်တာတွေဟာ လာအိုနိုင်ငံထဲကို ပြောင်းရွှေ့ လာခဲ့ကြပါတယ်။

အဲဒီအခြေအနေကို တုံ့ပြန်တဲ့အနေနဲ့ လာအိုရဲတပ်ဖွဲ့က အထူးနှိမ်နင်းရေး စစ်ဆင်ရေးတရပ်ကို ဆောင်ရွက်ခဲ့ပြီး သံသယရှိသူတွေကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

တရုတ်ရဲတပ်ဖွဲ့ဟာ နယ်စပ်ဖြတ်ကျော် တယ်လီကွန်းလိမ်လည်မှုတွေကို တိုက်ဖျက်ဖို့အတွက် သက်ဆိုင်ရာနိုင်ငံတွေနဲ့ ဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုတိုးမြှင့်လုပ်ဆောင် သွားမယ်လို့ တရုတ်ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန တာဝန်ရှိသူတယောက်က ပြောပါတယ်။

အဲဒီလို ဆောင်ရွက်ရာမှာ လိမ်လည်မှုဂိုဏ်းတွေရဲ့ အဓိကစခန်းတွေကို ဖြိုခွင်းတာ၊ နောက်ကွယ်က ပံ့ပိုးပေးသူတွေကို ဖမ်းဆီးတာအပြင် လိမ်လည်မှု သံသယရှိသူတွေကို ပြန်လည်လွှဲပြောင်း ခေါ်ယူတာတွေ ပါဝင်မယ်လို့ ဆိုပါတယ်။