Logo
Tuesday, June 2, 2026
Back to Home
Sports

ဘရူနို ဖာနန်ဒက်စ် ပရီးမီးယားလိဂ် ဂိုးဖန်တီးမှု စံချိန်သစ်တင်

By AdminMay 25, 2026
ဘရူနို ဖာနန်ဒက်စ် ပရီးမီးယားလိဂ် ဂိုးဖန်တီးမှု စံချိန်သစ်တင်

မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ဟာ ဘရိုက်တန်ကို (၃-၀) ဂိုးနဲ့ နိုင်ခဲ့တဲ့ပွဲမှာ တရာသီအတွင်း ဂိုးဖန်တီးမှု ၂၁ ကြိမ်နဲ့ စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။ 

ပထမပိုင်း ပွဲချိန်မိနစ် ၃၀ ကျော်မှာ ဘရူနိုရဲ့ ကန်တင်ပေးမှုကနေ ဒေါဂူက ခေါင်းတိုက်သွင်းခဲ့တာဖြစ်လို့ အွန်နရီနဲ့ ဒီဘရိုင်းတို့ရဲ့ စံချိန်ဟောင်းကို ကျော်ဖြတ်နိုင်ခဲ့တာပါ။

အမြဲတမ်းနည်းပြအဖြစ် အတည်ပြုခံရပြီးနောက် ပထမဆုံးပွဲ ကိုင်တွယ်တဲ့ နည်းပြ မိုက်ကယ် ကာရစ်အတွက်လည်း အသင်းကို အကောင်းဆုံး ပြောင်းလဲပေးနိုင်ကြောင်း သက်သေပြခဲ့တဲ့ ပွဲလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အတွက် ဂိုးတွေကို ဒေါဂူ၊ အမ်ဘူမိုနဲ့ ဘရူနိုတို့က သွင်းယူခဲ့ကြပြီး ဘရူနိုဟာ ဒီရာသီရဲ့ တနှစ်တာအကောင်းဆုံး ကစားသမားဆုကိုပါ ဆွတ်ခူးထားပါတယ်။ 

ဘရိုက်တန်ကတော့ အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးခဲ့ပေမဲ့ တခြားကွင်းရလဒ်တွေကြောင့် အဆင့် ၇ နေရာနဲ့အတူ ကွန်ဖရင့်လိဂ်ဝင်ခွင့် ရရှိသွားပါတယ်။