Logo
Tuesday, June 2, 2026
Back to Home
Entertainment

ရာသီမကုန်ခင် ချန်ပီယံဖြစ်လာခဲ့တဲ့ အာဆင်နယ်

By AdminMay 20, 2026
ရာသီမကုန်ခင် ချန်ပီယံဖြစ်လာခဲ့တဲ့ အာဆင်နယ်

Premier League 2025/26 ပြိုင်ပွဲ၏ Champion အဖြစ် Arsenal F.C. မှ လက်ကျန်ပွဲစဉ် ၁ပွဲအလိုမှာ ဆွတ်ခူးခဲ့ပြီဖြစ်ပါသည်။

အာဆင်နယ်အသင်းသည် ရာသီကုန်ရန် တစ်ပွဲကျန်ရှိနေသေးသော်လည်း မနေ့ညက Manchester City F.C. နှင့် A.F.C. Bournemouth တို့၏ ပွဲစဉ်တွင် ၁-၁ သရေကျခဲ့ခြင်းကြောင့် အာဆင်နယ်အသင်းက Premier League Champion အဖြစ် အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။

အာဆင်နယ်အသင်းအတွက် ယခုချန်ပီယံဆုသည် ၂၂ နှစ်အတွင်း ပထမဆုံး Premier League ဖလားဖြစ်ပြီး 2003/04 “Invincibles” ခေတ်နောက်ပိုင်း ပထမဆုံး League Title လည်း ဖြစ်လာခဲ့သည်။နည်းပြ Mikel Arteta ၏ ဦးဆောင်မှုအောက်တွင် အသင်းသည် ယခုရာသီတစ်လျှောက် တည်ငြိမ်သော စွမ်းဆောင်ရည်များ ပြသနိုင်ခဲ့ပြီး Premier League အမှတ်ပေးဇယားတွင် ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အသင်း၏ အဓိကကစားသမားများဖြစ်သော Bukayo Saka, Martin Ødegaard နှင့် Declan Rice တို့၏ ခြေစွမ်းပြမှုများကလည်း ယခုအောင်မြင်မှုတွင် အရေးပါခဲ့ကြောင်း ပရိသတ်များက သုံးသပ်လျက်ရှိကြသည်။

#PremierLeague

#Arsenal

#FootballNews

#SportsUpdate

See less