Logo
Tuesday, June 2, 2026
Back to Home
International News

ခြေလက် ၂၈ ချောင်းဖြင့် ဂင်းနစ်စံချိန်တင်ခဲ့သည့် အိန္ဒိယအမျိုးသား

By AdminMay 19, 2026

အိန္ဒိယနိုင်ငံတွင် ခြေလက်စုစုပေါင်း ၂၈ ချောင်းပါရှိသည့် အမျိုးသားတစ်ဦးအား ကမ္ဘာ့အရှည်ဆုံး လက်ချောင်းနှင့် ခြေချောင်းအရေအတွက်ပိုင်ရှင်အဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းတွင် ထည့်သွင်းအသိအမှတ်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါအမျိုးသားမှာ ရှားပါးသော မျိုးဗီဇဆိုင်ရာရောဂါတစ်မျိုးကြောင့် လက်နှင့်ခြေတို့တွင် လက်ချောင်း၊ ခြေချောင်းများ ပုံမှန်ထက်ပိုမိုဖြစ်ပေါ်နေခြင်းဖြစ်ပြီး စုစုပေါင်း ၂၈ ချောင်းအထိ ရှိနေကြောင်း သိရသည်။

၎င်း၏ ထူးခြားသည့် ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့် ဒေသတွင်းသာမက ကမ္ဘာတစ်ဝန်း လူစိတ်ဝင်စားမှုမြင့်တက်ခဲ့ပြီး ဂင်းနစ်ကမ္ဘာ့စံချိန်အဖွဲ့က စစ်ဆေးအတည်ပြုပြီးနောက် တရားဝင်စံချိန်တင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးကျွမ်းကျင်သူများ၏ ပြောကြားချက်အရ ယင်းအခြေအနေမှာ “Polydactyly” ဟုခေါ်သည့် ရှားပါးမွေးရာပါအခြေအနေတစ်ရပ်ဖြစ်ပြီး လက်ချောင်း၊ ခြေချောင်းအပိုများ ဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။

See less