Logo
Tuesday, June 2, 2026
Back to Home
Astrology

"ဆရာကြီး ရွှေဘုန်းမိုလ်၏တနင်္ဂနွေသားသမီးများ အတွက်တစ်ပတ်စာ ဟောစာတမ်း "

By AdminMay 23, 2026
"ဆရာကြီး ရွှေဘုန်းမိုလ်၏တနင်္ဂနွေသားသမီးများ အတွက်တစ်ပတ်စာ ဟောစာတမ်း  "

ရက်စွဲ: ၂၀၂၆ ခုနှစ် မေလ (၂၃) ရက်မှ မေလ (၃၁) ရက်အထိ

ပညာရေး:
ဤတစ်ပတ်အတွင်း လေ့လာသင်ယူမှုအသစ်များနှင့် ကြုံတွေ့ရမည်။ နိုင်ငံခြားဘာသာ၊ နည်းပညာနှင့် ဆက်စပ်သည့်ပညာရပ်များတွင် အောင်မြင်မှုရနိုင်ပါသည်။ စိတ်အာရုံပြတ်တောက်ခြင်းများ ရှိတတ်သဖြင့် အာရုံစိုက်ပါ။

ကျန်းမာရေး:
ခေါင်းမူးခြင်း၊ ဒူးနာခြင်းနှင့် လှေကားအတက်အဆင်းကြောင့် ထိခိုက်ဒဏ်ရာရနိုင်ပါသည်။ ခရီးသွားရာတွင်လည်း သတိထားသင့်ပါသည်။

လူမှုရေး:
အလုပ်အကိုင်အသစ်၊ တာဝန်အသစ်များ ကမ်းလှမ်းခံရတတ်သည်။ မိမိ၏ ဦးဆောင်နိုင်စွမ်းကြောင့် လူအများ၏ ယုံကြည်မှုကို ရရှိလာမည်။ သို့သော် မနာလိုသူတစ်ချို့၏ စကားများကြောင့် စိတ်အနှောင့်အယှက် ဖြစ်နိုင်ပါသည်။

စီးပွါးရေး:
ငွေကြေးဝင်လာမှု ရှိသော်လည်း ဖက်စပ်လုပ်ငန်းနှင့် အလျင်စလို ရင်းနှီးမြှုပ်နှံမှုများကို ရှောင်ကြဉ်ပါ။ စာချုပ်စာတမ်းများအား သေချာစွာ စစ်ဆေးပြီးမှ ဆောင်ရွက်သင့်သည်။

အချစ်ရေး:
လက်တွဲဖော်နှင့် အထင်လွဲမှုများ ပြေလည်သွားနိုင်သည့် ကာလဖြစ်သည်။ တစ်ကိုယ်တည်းသမားများအနေဖြင့် မိမိစိတ်ဝင်စားရသူနှင့် နီးစပ်ခွင့်ရတတ်သည်။

ကံကောင်းအရောင်:
ကာကီရောင် ၊ အဝါနုရောင်

ကံကောင်းနံပါတ်:
၆ ၊ ၉

ယတြာ:
ဗုဒ္ဓဟူးထောင့်တွင် နှင်းဆီပန်း (၉) ပွင့်ကပ်လှူ၍ မိဘနှစ်ပါးအား ကန်တော့ပါ။