ဆရာကြီး ရွှေဘုန်းမိုလ်၏ သောကြာသားသမီးများအတွက် တပတ်စာ ဟောစာတမ်း

ဆရာကြီး ရွှေဘုန်းမိုလ်၏ သောကြာသားသမီးများအတွက် တပတ်စာ ဟောစာတမ်း
ရက်စွဲ: ၂၀၂၆ မေ ၂၁ ရက် မှ မေ ၂၇ ရက်ထိ
ပညာရေး:
ယခုတပတ်အတွင်း သင်ယူလိုသောအရာများကို စိတ်တည်ငြိမ်စွာ လေ့လာနိုင်မည်။ စာမေးပွဲဖြေဆိုသူများအတွက် အာရုံစူးစိုက်နိုင်သည့် ကာလဖြစ်သော်လည်း အပျင်းစိတ်ဝင်လာလျှင် အခွင့်အရေးလက်လွတ်နိုင်သည်။
ကျန်းမာရေး:
အစာအိမ်နှင့် အိပ်ရေးပျက်ခြင်းဆိုင်ရာ ပြဿနာများ သတိထားရမည်။ ရေများများသောက်ပြီး အနားယူမှုကို ဂရုစိုက်ပါ။ ခေါင်းကိုက်ခြင်းများလည်း ကြုံနိုင်သည်။
လူမှုရေး:
မိတ်ဆွေဟောင်းတစ်ဦးနှင့် ပြန်လည်ဆက်သွယ်ရနိုင်သည်။ မလိုအပ်သော စကားများတွင် မပါဝင်သင့်ပါ။ မိသားစုအတွင်း နားလည်မှုလိုအပ်သောအချိန် ဖြစ်သည်။
စီးပွါးရေး:
ငွေဝင်ကံ ရှိသော်လည်း ထွက်ငွေများလည်း များမည်။ လုပ်ငန်းသစ်စတင်လိုသူများအတွက် အကြံဉာဏ်ကောင်းများ ရရှိနိုင်သောကာလဖြစ်သည်။ အတိုးအမြတ်မျှော်မှန်းချက်ကို သေချာတွက်ချက်ပါ။
အချစ်ရေး:
အချစ်ရေးတွင် စိတ်မတည်ငြိမ်မှု အနည်းငယ်ရှိနိုင်သည်။ ချစ်သူနှင့် နားလည်မှုဖြင့် ပြောဆိုပါက ပြဿနာများ လျော့နည်းမည်။ အိမ်ထောင်ရှင်များအတွက် သည်းခံမှုလိုအပ်သည်။
ကံကောင်းအရောင်:
ပန်းရောင် ၊ အဖြူရောင်
ကံကောင်းနံပါတ်:
၂ ၊ ၆ ၊ ၉
ယတြာ:
သောကြာနေ့ နံနက်ပိုင်းတွင် ဘုရားတွင် ပန်းဖြူ ၆ ပွင့်ကပ်လှူပြီး “မေတ္တာသုတ်” ရွတ်ဖတ်ပူဇော်ပါ။ ငှက်များအား အစာကျွေးပါက ကံကောင်းမှု တိုးပွားမည်။
