ကားပေါ်ရှိဓာတ်ဆီပုံးအပူလွန်ကဲကာ မီးလောင်မှုဖြစ်ပွား

ယနေ့ (မတ်လ ၉ ရက်) မွန်းတည့် ၁၂ နာရီခွဲခန့်က ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့ အမှတ် (၂) ရပ်ကွက်ရှိ ဝေါလမ်းပေါ်တွင် ကားမီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ KBZ Bank ရှေ့တွင် ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဉ်မှာ အဖြူရောင် Toyota Probox တက္ကစီကားတစ်စီး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
စစ်ဆေးချက်များအရ ကားအနောက်ခန်းအတွင်း ပလတ်စတစ်ပုံးဖြင့် ထည့်ထားသော ဓာတ်ဆီမှ အငွေ့ပျံကာ အပူလွန်ကဲလာပြီး ကားအတွင်းရှိ ကူရှင်များသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာမှ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
မီးလောင်မှုဖြစ်ပွားရာသို့ ဘုရားကြီးနယ်မြေ မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ကာ မီးအား အချိန်မီြငြှိမ်းသတ်နိုင်ခဲ့ပါတယ်။
အဆိုပါ မီးလောင်မှုကြောင့် ကားအတွင်းပိုင်း ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရပါတယ်။
