Logo
Saturday, April 11, 2026
Back to Home
Local News

ကျိုက်ထီးရိုးတောင်ပေါ် တောလမ်းဟောင်းတွင် တောမီးလောင်မှု ဖြစ်ပွား၊ ထိန်းချုပ်နိုင်သည့်အခြေအနေသို့ ရောက်ရှိ

By AdminMarch 24, 2026
ကျိုက်ထီးရိုးတောင်ပေါ် တောလမ်းဟောင်းတွင် တောမီးလောင်မှု ဖြစ်ပွား၊ ထိန်းချုပ်နိုင်သည့်အခြေအနေသို့ ရောက်ရှိ

မီးလောင်မှုသည် ကျီးကန်းပါးစပ်မှ ရေတံခွန်ဘက်သို့ ဆင်းသည့် လမ်းဟောင်းတောလမ်းပိုင်းတွင် ဖြစ်ပွားခဲ့ပြီး လူနေအိမ်များ၊ ဆိုင်ခန်းများနှင့် ဘုရားဝတ်ပြုရာနေရာများနှင့် ဝေးကွာသည့်နေရာဖြစ်ကြောင်း သိရှိရပါတယ်။

တာဝန်ရှိသူများနှင့် ဒေသခံများ ပူးပေါင်း၍ မီးငြှိမ်းသတ်ခဲ့ကြပြီး လက်ရှိတွင် မီးလောင်အား လျော့နည်းလာကာ ထိန်းချုပ်နိုင်သည့်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပါတယ်။

657352660_1327741062716372_6057668275948381658_n

နွေရာသီကာလအတွင်း တောမီးလောင်မှုများ မကြာခဏဖြစ်ပွားနိုင်သဖြင့် ပြည်သူများအား မီးအသုံးပြုရာတွင် အထူးသတိပြုရန် တာဝန်ရှိသူများက သတိပေးထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - Myanmar Fire Services Department

657923687_1327741189383026_2374211813364690967_n