Local News
ကျောက်ဆည်က အလှူလှည့်ဆင် ဓာတ်လိုက်ေသဆုံး
By Admin•March 15, 2026

မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် အတွင်းရှိ လက်ဝဲစုကျေးရွာ တွင် အလှူလှည့်လည်နေစဉ် ဆင်တစ်ကောင် ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရှိရပါတယ်။
ဒေသခံများ၏ ပြောကြားချက်အရ အလှူလှည့်လည်ရန် ထွက်ခွာလာသည့် ဆင်သည် လမ်းတစ်လျှောက်ရှိ လျှပ်စစ်ကြိုးနှင့် ထိတွေ့မိရာမှ ဓာတ်လိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။
အဆိုပါဖြစ်စဉ်အတွင်း ဓာတ်လိုက်မှုကြောင့် အလှူဒါယိကာမနှင့် ၎င်း၏ သမီးဖြစ်သူတို့မှာ သတိလစ်သွားခဲ့ကြပြီး ဆင်ဦးစီးဖြစ်သူမှာလည်း သတိလစ်မေ့မျောသွားခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်သတိရလာခဲ့ကြောင်း ဒေသခံများက ဆိုပါတယ်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဒေသခံများနှင့် တာဝန်ရှိသူများက အရေးပေါ်ကူညီဆောင်ရွက်ခဲ့ကြပြီး ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါတယ်။
