ဇေကမ္ဘာစက်မှုဇုန် (၁၀) လမ်းတွင် Level 2 အဆင့်ဖြင့်မီးလောင်လျက်ရှိ

၂၀၂၆ ခုနှစ် မတ်လ ၁၄ ရက်နေ့ ည ၂၀ နာရီ ၁၈ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဇေကမ္ဘာစက်မှုဇုန် (၁၀) လမ်းတွင် Level 2 အဆင့်ဖြင့် မီးလောင်မှုတစ်ခု ဖြစ်ပွားေနကြောင်း သိရပါတယ်။
မီးလောင်မှုမှာ စက်မှုဇုန်အတွင်းရှိ အချိုရည်များထားရှိသိုလှောင်ထားသည့် အဆောက်အဦးတစ်ခုအတွင်းမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောကြားထားပါတယ်။
၎င်း၏ ပြောကြားချက်အရ မီးလောင်မှုမှာ **မီးလောင်အားပြင်းထန်နေပြီး မီးခိုးများ အထူအထပ် ထွက်ပေါ်လာခဲ့ကြောင်းသိရှိရပါတယ်။

မီးလောင်မှုဖြစ်ပွားရာနေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ လူမှုကူညီရေးအသင်းများမှလည်း မီးသတ်ယာဉ်များ ရောက်ရှိလာကာ **Level 2 အဆင့်ဖြင့် မီးငြိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။
မီးလောင်မှုနှင့်ပတ်သက်၍ မီးလောင်ရခြင်း၏ အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက် စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်းသိရှိရပါတယ်။
Source - MFSD
