Logo
Saturday, April 11, 2026
Back to Home
Articles

နွေပူပူတွင် ခန္ဓာကိုယ်အတွက် လိုအပ်သော အသီးအနှံများနှင့် အာဟာရဓာတ်များ

By AdminMarch 31, 2026
နွေပူပူတွင် ခန္ဓာကိုယ်အတွက် လိုအပ်သော အသီးအနှံများနှင့် အာဟာရဓာတ်များ

နွေရာသီကာလတွင် အပူချိန်မြင့်တက်ခြင်းကြောင့် လူခန္ဓာကိုယ်မှ ရေဓာတ်နှင့် အာဟာရဓာတ်များ လျော့နည်းနိုင်သဖြင့် ရေဓာတ်များနှင့် ဗီတာမင်များ ပါဝင်သော အသီးအနှံများကို ပိုမိုစားသုံးသင့်ကြောင်း ကျန်းမာရေးပညာရှင်များက အကြံပြုထားပါတယ်။

ဖရဲသီး – ရေဓာတ်အလွန်များပြီး ဗီတာမင် A နှင့် ဗီတာမင် C ပါဝင်သဖြင့် ခန္ဓာကိုယ်ကို အေးမြစေပြီး ရေဓာတ်ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

သခွားသီး – ရေဓာတ်များစွာပါဝင်သည့်အပြင် ပို့တက်စီယမ် (Potassium) ပါဝင်သောကြောင့် ခန္ဓာကိုယ်အပူလျော့နည်းစေရန် အထောက်အကူပြုပါတယ်။

လိမ္မော်သီး – ဗီတာမင် C အများအပြား ပါဝင်သဖြင့် ကိုယ်ခံအားစနစ်ကို အားကောင်းစေပြီး နွေရာသီတွင် ဖြစ်လေ့ရှိသော ပင်ပန်းနွမ်းနယ်မှုကို လျော့နည်းစေပါတယ်။

နာနတ်သီး – ဗီတာမင် C နှင့် အင်ဇိုင်း (Bromelain) ပါဝင်သဖြင့် အစာချေစနစ်ကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်အပူကို လျော့စေပါတယ်။

ငှက်ပျောသီး – ပို့တက်စီယမ် (Potassium) အများအပြား ပါဝင်သဖြင့် ခန္ဓာကိုယ်မှ ဆုံးရှုံးသွားသော ဓာတ်များကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

ကျန်းမာရေးပညာရှင်များက နွေရာသီတွင် အသီးအနှံများနှင့်အတူ သန့်ရှင်းသော သောက်ရေကို မကြာခဏ သောက်သုံးခြင်းနှင့် လတ်ဆတ်သော အစားအသောက်များကို ရွေးချယ်စားသုံးခြင်းက ကျန်းမာရေးထိန်းသိမ်းရာတွင်အရေးပါကြောင်း အကြံပြုပါထားတာကြောင့် သုတမြေစာဖတ်သူများအတွက် တင်ပြအပ်ပါတယ်။