Logo
Saturday, April 11, 2026
Back to Home
International News

မလေးရှား ဘိုးဘွားရိပ်သာတွင် အသက် ၆၇ နှင့် ၉၁ အဘိုးအဘွားတို့ လက်ထပ်ထိမ်းမြား

By AdminMarch 20, 2026
မလေးရှား ဘိုးဘွားရိပ်သာတွင် အသက် ၆၇ နှင့် ၉၁ အဘိုးအဘွားတို့ လက်ထပ်ထိမ်းမြား

မလေးရှားနိုင်ငံ ပင်နန်းမြို့ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၆၇ နှစ်အရွယ် Wu Caixing နှင့် အသက် ၉၁ နှစ်အရွယ် Hu Ruirong တို့သည် ဆွေမျိုးများ၊ မိတ်ဆွေများနှင့် ရိပ်သာနေထိုင်သူများရှေ့တွင် ရိုးရှင်းသော်လည်း ဂုဏ်ပြုအခမ်းအနားဖြင့် လက်ထပ်ခဲ့ကြောင်း သိရသည်။

အဆိုပါနှစ်ဦးသည် ရိပ်သာအတွင်း တွေ့ဆုံသိကျွမ်းခဲ့ပြီး သုံးလခန့်သာ ကြာမြင့်ခဲ့သော်လည်း တစ်ဦးနှင့်တစ်ဦးအပေါ်ရှိ ချစ်ခြင်းမေတ္တာအပေါ် သံသယမရှိကြောင်း သိရပါတယ်။

Hu Ruirong က “သူနဲ့ အတူနေပြီး မင်္ဂလာဆောင်ချင်ခဲ့တာကြောင့် ကျွန်မတို့ လက်ထပ်လိုက်တာပါ” ဟု ပြောကြားခဲ့ပြီး Wu Caixing သည် မင်္ဂလာဆောင်ရန် တရားဝင် တောင်းဆိုခဲ့ခြင်းမရှိကြောင်း သိရသည်။ ထို့အပြင် မင်္ဂလာဆောင်ချိန်တွင် စိတ်လှုပ်ရှားမှုရှိမရှိ မေးမြန်းရာတွင် အသက် ၉၁ နှစ်ရှိ Hu သည် အေးချမ်းတည်ငြိမ်စွာသာ တုံ့ပြန်ခဲ့ကြောင်းလည်း သိရှိရပါတယ်။

654416737_1323402349816910_2918839803285178212_n

Hu Ruirong သည် လွန်ခဲ့သည့် ၆ နှစ်ခန့်ကမှ အဆိုပါ ဘိုးဘွားရိပ်သာသို့ ရောက်ရှိနေထိုင်လာခဲ့သူဖြစ်ပြီး ယခင်က မည်သည့်အချိန်တွင်မျှ အိမ်ထောင်မပြုဖူးသူတစ်ဦးပါ။

အဆိုပါ မင်္ဂလာပွဲ ဖြစ်မြောက်နိုင်ရန်အတွက် ရိပ်သာမှ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများက လိုအပ်သည့် အစီအစဉ်များကို ကူညီပံ့ပိုးပေးခဲ့ကြပြီး သေးငယ်သော်လည်း ပျော်ရွှင်ဖွယ် အခမ်းအနားတစ်ခုအဖြစ် ကျင်းပနိုင်ခဲ့ကြောင်း သိရှိရပါတယ်။

#နိုင်ငံတကာသတင်း #ဘိုးဘွားရိပ်သာ #သတင်းစုံ