Logo
Saturday, April 11, 2026
Back to Home
Articles

အရွယ်မတိုင်ခင် ဆံဖြူလာခြင်းနှင့် ကျန်းမာရေး

By AdminMarch 22, 2026
အရွယ်မတိုင်ခင် ဆံဖြူလာခြင်းနှင့် ကျန်းမာရေး

ယခုလက်ရှိကာလအတွင်း လူငယ်အရွယ်များတွင် အရွယ်မတိုင်ခင် ဆံပင်ဖြူမှုများ တိုးလာနေကြောင်း ကျန်းမာရေးပညာရှင်များက မှတ်ချက်ပြုလာကြပါတယ်။ အကြောင်းရင်းမှာ ဆံပင်အရောင်ကို ထိန်းညှိပေးသော Melanin ဓာတ် လျော့နည်းခြင်းကြောင့် ယင်းပြဿနာ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး မျိုးရိုးဗီဇ၊ စိတ်ဖိစီးမှုများခြင်းနှင့် အာဟာရချို့တဲ့မှုများသည် အဓိကအကြောင်းရင်းများဖြစ်ကြောင်း သိရှိရပါတယ်။

ကာကွယ်ရန်နှင့် ထိန်းချုပ်ရန် နည်းလမ်းများမှာ —

၁။ အာဟာရပြည့်ဝသော အစားအစာများ (ငါး၊ ဥ၊ နို့၊ ဟင်းသီးဟင်းရွက်များ) ကို စားသုံးရန်

၂။ Vitamin B12၊ သံဓာတ်နှင့် Zinc လုံလောက်စေရန် ဂရုပြုရန်

၃။ စိတ်ဖိစီးမှုလျှော့ချရန် လေ့ကျင့်ခန်း၊ ယောဂ စသည်တို့ ပြုလုပ်ရန်

၄။ ဆေးလိပ်နှင့် အရက်သောက်သုံးမှုကို ရှောင်ကြဉ်ရန်

၅။ ဆံပင်ထိန်းသိမ်းမှုတွင် Chemical ပါဝင်သော ပစ္စည်းများ မလွန်ကဲစွာ အသုံးပြုရန်

၆။ အနားယူချိန် လုံလောက်စွာယူပြီး နေထိုင်မှုပုံစံ ကျန်းမာစေရန် ပြုလုပ်ရန်

ကျန်းမာရေးပညာရှင်များက ဆံပင်ဖြူမှု အမြန်တိုးလာပါက အတွင်းပိုင်းကျန်းမာရေးပြဿနာများနှင့် ဆက်စပ်နိုင်သဖြင့် ဆရာဝန်နှင့် တိုင်ပင်စစ်ဆေးသင့်ကြောင်း အကြံပြုထားပါတယ်။

#ကျန်းမာရေး #ဆံပင်ဖြူ #လူငယ်