Logo
Saturday, April 11, 2026
Back to Home
International News

အီရန်ရေတပ်သားအလောင်းများအား အီရန်သံရုံးထံ လွှဲပေးရန် အမိန့်ထုတ်

By AdminMarch 12, 2026
အီရန်ရေတပ်သားအလောင်းများအား အီရန်သံရုံးထံ လွှဲပေးရန် အမိန့်ထုတ်

သီရိလင်္ကာနိုင်ငံ Galle မြို့ရှိ တရားရုံးတစ်ရုံးက သေဆုံးခဲ့သည့် အီရန်ရေတပ်သား ၈၄ ဦး၏ အလောင်းများကို ကိုလံဘိုမြို့ရှိ အီရန်သံရုံးထံ လွှဲပြောင်းပေးရန် အမိန့်ထုတ်ခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြထားပါတယ်။

အဆိုပါ အမိန့်ကို Galle Chief Magistrate က ထုတ်ပြန်ခဲ့ပြီး လက်ရှိတွင် Galle National Hospital တွင် သိမ်းဆည်းထားသည့် အလောင်းများကို သံရုံးမှတစ်ဆင့် အီရန်နိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။

အီရန်ရေတပ်သင်္ဘောတစ်စင်း အိန္ဒိယသမုဒ္ဒရာတွင် တိုက်ခိုက်ခံရပြီး နစ်မြုပ်သည့် ဖြစ်စဉ်အတွင်း ရေတပ်သား ၈၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ထို့အပြင် အသက်ရှင်ကျန်ရှိသူ အချို့ကို သီရိလင်္ကာရေတပ်မှ ကယ်ဆယ်ခဲ့ပြီး ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားထားပါတယ်။

သေဆုံးသူများ၏ အလောင်းများကို သက်ဆိုင်ရာ မိသားစုများထံ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် သီရိလင်္ကာအာဏာပိုင်များနှင့် အီရန်သံရုံးတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

ယင်းအမှုနှင့်ပတ်သက်၍ Galle Harbour Police က တရားရုံးသို့ တင်ပြတောင်းဆိုခဲ့ပြီးနောက် ယခုကဲ့သို့ အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ််ပါတယ်။

#အီရန် #စစ် #နိုင်ငံတကာ