Logo
Saturday, April 11, 2026
Back to Home
General Knowledge

🛢အိမ်သုံးဓာတ်ဆီသိုလှောင်မှုနှင့် လုံခြုံရေး 🛢

By AdminMarch 26, 2026
🛢အိမ်သုံးဓာတ်ဆီသိုလှောင်မှုနှင့် လုံခြုံရေး 🛢

ယနေ့ခေတ်တွင် မော်တော်ယာဉ်များ၊ မီးစက်များ အသုံးပြုမှုများလာခြင်းနှင့် အလွယ်တကူဝယ်ယူလို့မရတာ ကြောင့် အိမ်အတွင်း ဓာတ်ဆီသိုလှောင်ထားမှုများ လုပ်ဆောင်တတ်ကြပါတယ်။ သို့ရာတွင် ဓာတ်ဆီသည် မီးလောင်လွယ်ပြီး အန္တရာယ်ရှိသည့် ပစ္စည်းတစ်ရပ်ဖြစ်သဖြင့် မသင့်လျော်သောနည်းလမ်းဖြင့် သိုလှောင်ပါက မီးလောင်မှုများနှင့် ပေါက်ကွဲမှုများ ဖြစ်ပေါ်နိုင်ပါတယ်။

အိမ်သုံးအတွက် ဓာတ်ဆီသိုလှောင်ရာတွင် စံနှုန်းပြည့်မီသော သီးသန့်ပုံးများကိုသာ အသုံးပြုသင့်ပြီး ရေဘူးများ၊ Soft Drink ဘူးများတွင် ထည့်သိုလှောင်ခြင်း မပြုလုပ်သင့်ပါ။ ထို့အပြင် သိုလှောင်ရာနေရာသည် အေးမြပြီး လေဝင်လေထွက်ကောင်းသည့် နေရာဖြစ်ရမည်ဖြစ်ပြီး နေရောင်တိုက်ရိုက်မထိရောက်စေရန်နှင့် မီးဖို၊ မီးပွားထွက်နိုင်သည့် လျှပ်စစ်ပစ္စည်းများနှင့် ဝေးကွာစွာ ထားရှိရန် လိုအပ်ပါတယ်။

လုံခြုံရေးအရ သိုလှောင်ထားသည့် ဓာတ်ဆီပုံးများကို အမြဲပိတ်ထားရမည်ဖြစ်ပြီး ကလေးများ မထိမိနိုင်သည့် နေရာတွင် သိမ်းဆည်းထားသင့်သည်။ ထို့အပြင် သတိပေးညွှန်ကြားချက်များ ကပ်ထားခြင်းနှင့် မီးသတ်ကိရိယာများ ပြင်ဆင်ထားခြင်းသည် မဖြစ်မနေ လိုအပ်ပါတယ်။

သိုလှောင်ရာမှာလည်း ဓာတ်ဆီကို အချိန်ကြာမြင့်စွာ မသိုလှောင်သင့်ဘဲ သုံးလမှ ခြောက်လအတွင်း အသုံးပြုရန် အကြံပြုထားပြီး အရောင်နှင့် အနံ့ ပြောင်းလဲလာပါက အသုံးမပြုသင့်ပါ။ အိမ်သုံးဓာတ်ဆီ သိုလှောင်ရာတွင် စနစ်တကျ လိုက်နာဆောင်ရွက်ပါက မီးဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်မှာလည်းဖြစ်ပါတယ်။

#ဗဟုသု #သုတမြေ